Friday, June 29, 2018

လောကသုံးပါး နတ်​ဘုရား {အမြည်း}

Author ⚔ Ɗe L☯ⴖe
----------------------------------------------------------
လောကအစမှာနတ်​ဘုရား၂ပါး ပညာခြင်းပြိုင်​ဆိုင်​မှု​တွေ​ကြောင့်
ကောင်းကင်​က၂ခြမ်းကွဲသွားပြီး ကမ္ဘာ​မြေပြင်​ပျက်​စီး​လောင်​ကျွမ်းခဲ့တယ်​ နွီဝါးက​ကောင်းကင်​ကိုပြန်​လည်​ဖာ​ထေးခဲ့ပြီး  ကမ္ဘာ​စောင့်​​ရှောက်​​သောနတ်​ဘုရား တပါးအ​နေနဲ့ရပ်​တည်​ခဲ့တယ်​ သူ၏မျိုးဆက်​ ကိုချန်​ထားခဲ့ပြီး ​ကမ္ဘာ​လောကအား​စောင့်​​ရှောက်​ရန်​မှာကြားခဲ့ပြီး သူ၏ စကြာင်္ဝဠာလောကသို့ပြန်​သွားခဲ့တယ်​ အချိန်​ကြာလာတာနဲ့အမျှ  နွီဝါး အနွယ်​၀င်​တို့ကလည်း ​လောဘ ​ဒေါသ
အတ္တ ​ပေါင်းများစွာတည်​​ရှိ​နေတဲ့​လောက ကိုစိတ်​ကုန်​သွားပြီး
ပျောက်​ကွယ်​ ကုန်​ကြတယ်​ အဲ့ဒီမှာပဲ ပထမတိုက်​ပွဲငြိမ်း​အေးသွားပြီလို့ထင်​ကြတဲ့​အထက်​ဘုံနတ်​ဘုရား နဲ့ ​အောက်​ဘုံနတ်​ဘုရား တို့ ပြန်​ပြီးပညာပြိုင်​ကြတယ်​ အဲ့ဒီမှာကမ္ဘာ​လောကကြီး က
ကွဲထွက်​သွားပြီး ​ကြယ်​စင်​တို့ လည်းပျက်​စီးသွားတယ်​ ​ကောင်းကင်​လည်း ကွဲထွက်​သွားပြီး ကမ္ဘာ​မြေမှာလည်း ပျက်​စီးသွားပြီး​လေ​ပေါ်ပျံ​နေ​သောမြို့​တွေလည်း ​ပေါ်​ပေါက်​လာခဲ့တယ်
နတ်​ဘုရား၂ပါးလည်း​ပျောက်​ကွယ်​သွားတယ်
ကမ္ဘာ​လောကကြီး မှာ ​ကောင်းကင်​မြို့​တော်​ ​မြေ​ပြင်​မြို့​တော်
အထက်​ဘုံ ​အောက်​ဘုံ စသည်​တို့ ဖြစ်​​ပေါ်လာပြီး ကလန်​​ပေါင်းများစွာ အင်​​မော်​တယ်​ လမ်းစဉ်​လိုက်​သည်​ နတ်​ဘုရားအဖြစ်​ကြင့်​ကြံသူများ ​ပေါ်ထွက်​လာကာ ကလန်​တစ်​ခုနဲ့တစ်​ခု နယ်​​မြေတစ်​ခုနဲ့တစ်​ခု တိုက်​ပွဲများလည်းပြင်းထန်​​နေခဲ့သည်​။ ​နောက်​ဆုံးတွင်​​ကောင်းကင်​မြို့​တော်​အင်​ပါယာ ​မြေကမ္ဘာအင်​ပါယာ နှစ်​ခု​ပေါ်​ပေါက်​လာကာ နယ်​​မြေခွဲထိန်းသိမ်းလိုက်​သည်​။ ​ကောင်းကင်​အင်​ပါယာ ကလည်း ​မြေကမ္ဘာအင်​ပါယာကိစ္စများအား ၀င်​၍မစွက်​ဖက်​သလို ​မြေကမ္ဘာအင်​ပါယာကလည်း အတူတူပင်​ဖြစ်​သည်​။ထိုအင်​ပါယာများလက်​​အောက်​တွင်​ အင်​အားကြီး​သောနတ်​ဘုရားလမ်းစဉ်​​ကျောင်း​တော်​များတည်​ရှိပြီး ထို​ကျောင်းတာ်​များမှထွက်​​သော သူ​တော်​စင်​လမ်းစဉ်​ကျင့်​ကြံ​ပေါက်​​မြှောက်​လျှင်​အင်​ပါယာသို့ဝင်​​ရောက်​အမှုထမ်းရ​လေသည်​။ ထိုသို့အင်​ပါယာနှစ်​ခုနယ်​​မြေစည်း
ခွဲ​သော​နေရာကြားတွင်​​"​လင်​"ကလန်​တည်​ရှိ​နေ​လေသည်​။
------------------------------------------------------------------

လောကသုံးပါးနတ်​ဘုရား 1 (B) ------------------------------ "ပြန်​လည်​၀င်​စားခြင်းဂိတ်​တံခါး"ဆိုသည်​မှာမိမိ၏ကံဉာဏ်​ပြုလုပ်​ခဲ့သ...